sidenav
Close
Frequently Asked Questions
Register လုပ်ခြင်း။
Register လုပ်ခြင်းအတွက် အချိန်ဘယ်လောက်ကြာနိုင်ပါသလဲ။

Register လုပ်တဲ့အခါမှာ သင့်ရဲ့ ID ကဒ် နဲ့ လိပ်စာကို အတည်ပြုချက်အနေနဲ့ ထည့်သွင်းလိုက်တဲ့အချိန်ကစပြီး အဆိုပါအချက်အလက်များကို မှန်/မမှန် စစ်ဆေးဖို့အတွက် အချိန်ယူရပါတယ်။ ပုံမှန်အားဖြင့် ရုံးဖွင့်ရက်အတွင်းဆို တစ်ရက်မှ နှစ်ရက်အထိကြာနိုင်ပါတယ်။

Email လိပ်စာမရှိဘူးဆိုရင်ရော Register လုပ်လို့ရပါသလား။

မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သင့်ရဲ့ register လုပ်ငန်းစဉ်ပြီးဆုံးဖို့အတွက် သင့်ကိုယ်ပိုင်email ကတစ်ဆင့်သွားပြီး အတည်ပြုဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ငွေလွှဲခြင်းနဲ့ဆိုင်တဲ့ ငွေကြေးဆိုင်ရာအချက်အလက်အလက်များကို သင့်ရဲ့ email ဆီအတည်ပြုချက်စာများ ပေးပို့တဲ့အတွက် ဒီ register လုပ်တဲ့လုပ်ငန်းစဉ်အတွက် email က မရှိမဖြစ်လိုအပ်ပါတယ်။

Email အသုံးပြုလေ့မရှိတဲ့ သူများအတွက် SMS အတည်ပြုချက်နှင့် ငွေကြေးလုပ်ဆောင်မှုဆိုင်ရာ SMS အသိပေးချက်များ ကိုမကြာမီထည့်သွင်းပေးပါမယ်။

မြန်မာနိုင်ငံကို ငွေလွှဲချင်တဲ့အခါ Uber ရဲ့ ငွေလွှဲအကောင့်ကို ဘယ်လိုဖွင့်ရမလဲ။

Google Play သို့မဟုတ် Apple Store ကနေ downloadလုပ်ပြီး ဖြည့်ရမယ့်အချက်အလက်တွေကို အကုန်ဖြည့်သွင်းပါ။ သင့်ရဲ့အီးမေးလ်ကို ထည့်သွင်းပြီး PIN နံပါတ်ကို အသုံးပြုကာ ဝင်ရောက်ရပါမယ်။ အကောင့်ဖွင့်ပုံဖွင့်နည်း ဗီဒီယိုလေးကို ဒီနေရာမှာ ကလစ်လေးတစ်ချက်နှိပ်ပြီး ဝင်ကြည့်နိုင်ပါတယ်။

Email မရှိသေးသော သူများအတွက် SMS အတည်ပြုချက်များကို မကြာခင်ထည့်သွင်းပေးပါမည်။

ငွေဖြည့်သွင်းခြင်း။
Wallet ထဲကို ဘယ်လို ငွေဖြည့်သွင်းနိုင်ပါသလဲ။

Add Money မှတစ်ဆင့် ငွေဖြည့်သွင်းရန်အတွက် ရွေးချယ်မှုနှစ်ခုရှိပါတယ်။

1. Debit Card မှတဆင့်ငွေဖြည့်သွင်းခြင်း။

ပထမဦးစွာ သင့်ရဲ့ Uber Remit Wallet ထဲကိုငွေတိုက်ရိုက်ဖြည့်သွင်းဖို့အတွက် Visa Card သို့မဟုတ် Master Card သို့မဟုတ် Debit Card ကို register လုပ်ပါ။ Register လုပ်တဲ့အခါ “Test Debit Charges” အနေနဲ့ စင်ကာပူဒေါ်လာ ၁ဒေါ်လာမှ ၃ဒေါ်လာအထိ ကောက်ခံပါတယ်။

အဆိုပါကောက်ခံတဲ့ “Test Debit Charges” ပမာဏ ကို တစ်နေရာရာမှာမှတ်ထားပြီး Uber Remit အက်ပလီကေးရှင်းရဲ့ Add Money-Debit Card ကိုဝင်ရောက်လိုက်တာနဲ့ သင် register လုပ်ထားတဲ့ debit card ကိုမြင်ရမှာဖြစ်ပါတယ်။ အဲဒီကဒ်ရဲ့ ညာဘက်ဘးကမျှားလေးကို နှိပ်လိုက်ရင်တော့ menu တစ်ခုပေါ်လာပါလိမ့်မယ်။ Verify Card ကိုထပ်နှိပ်ပါ။ ပြီးလျှင် ရှေ့ကမှတ်သားထားတဲ့ “Test Debit Charges” ကိုရိုက်ထည့်ပြီး Verify ကိုနှိပ်ပါ။ “Test Debit Charges” အနေနဲ့ ကောက်ခံထားတဲ့ စင်ကာပူဒေါ်လာ ၁ - ၃ ဒေါ်လာကို သင့်ရဲ့ Uber Remit Wallet ထဲမှာ ပြန်ပေါင်းထည့်ပေးထားမှာပါ။

2. DBS ဘဏ်သို့ အွန်လိုင်းမှတစ်ဆင့် ငွေဖြည့်သွင်းခြင်း။

နိုင်ငံ SGP
ဘဏ်အမည် DBS ဘဏ်
ဘဏ်တည်နေရာ Singapore
အကောင့်နာမည် Money World Asia Pte Ltd
အကောင့်အမှတ် 0039558554
သင့်ကိုယ်စားပြုအမှတ်စဉ် ဒီအမှတ်စဉ်ကိုတော့ Add Money ကို ဝင်ရောက်တာနဲ့ သင့်ရဲ့ Uber နိုင်ငံခြားငွေလွှဲ အက်ပလီကေးရှင်းမှာ မြင်တွေ့ရမှာဖြစ်ပြီး အဲဒီနောက် By Bank Transfer ကိုဝင်ရောက်ပေးရပါမယ်။ သင့်ရဲ့ ကိုယ်စားပြုအမှတ်စဉ်ကိုတော့ အနီရောင်စာလုံးနဲ့ တွေ့မြင်ရမှာပါ။

အခြားသော အပ်ငွေ ဆိုင်ရာ ရွေးချယ်စရာများကို မကြာမီအသစ်ထပ်တိုးထားပါမယ်။

အပ်ငွေအတွက် ဖြတ်တောက်ချိန် ရှိပါသလား။

နံပါတ်၁ ရွေးချယ်မှုအတွက် Debit Card မှတဆင့် ငွေဖြည့်သွင်းခြင်းကို အချိန်မရွေးလုပ်ဆောင်နိုင်ပါတယ်။ နံပါတ်၂ ရွေးချယ်မှု အွန်လိုင်းမှတစ်ဆင့် ငွေလွှဲခြင်းအတွက်တော့ ဘဏ်တွေက သတ်မှတ်ထားတဲ့အချိန်ရှိပါတယ်။ သူတို့တွေက ညည့်နက်ပိုင်းတွေမှာ ထိန်းသိမ်းခြင်းမျိုးတွေ ဆောင်ရွက်ရပါတယ်။ ဒါကြောင့် DBS ဘဏ်တွေမှာ သတ်မှတ်ထားတဲ့အချိန်တွေအတိုင်း အပ်ငွေတွေကို အချိန်ကန့်သတ်ထားပါတယ်။ ဒါကြောင့် အပန်းမကြီးဘူးဆိုရင် ဘဏ်တွေရဲ့ တည်နေရာနဲ့ ဘဏ်ဖွင့်ချိန်တွေကို တစ်ချက်လောက် လေ့လာထားစေချင်ပါတယ်။

စင်ကာပူနိုင်ငံမှာတော့ အပ်ငွေဆိုင်ရာ ကိစ္စရပ်တွေကို ညနေ ၄ နာရီအထိ ခွင့်ပြုထားပါတယ်။ ဒါဟာ သင့်ရဲ့ Uber Remit Wallet ကနေ့ရက်တွေနဲ့တူတူပါပဲ။

အပ်ငွေကိုရော ပမာဏကန့်သတ်ထားပါသလား။

အပ်ငွေနဲ့ပတ်သက်လို့တော့ ပမာဏအားဖြင့် ကန့်သတ်တာမျိုး မရှိပါဘူး။ ဒါကြောင့် သင့်ရဲ့ Uber Remit Wallet ကို အကန့်အသတ်မရှိ ထည့်သွင်းနိုင်ပါတယ်။

အပ်ငွေနဲ့ပတ်သက်ပြီး အတည်ပြုချက် တစ်စုံတစ်ရာ ရနိုင်မလား။

Uber Remit အက်ပလီကေးရှင်းကို ဝင်ရောက်ပြီး သင့်ရဲ့ Wallet မှာရှိနေတဲ့ ပမာဏကို အရင်ဆုံးစစ်ဆေးဖို့ လိုပါမယ်။ အွန်လိုင်းကနေတစ်ဆင့် ငွေလွှဲမှုဆောင်ရွက်ပြီးနောက် ၁ နာရီကနေ ၂ နာရီအတွင်းမှာ သင့်ရဲ့ Uber Remit Wallet ကို ငွေဝင်လာမှာ ဖြစ်ပါတယ်။

SMS သတိပေးချက်များကို မကြာခင်ထည့်သွင်းပေးပါမည်။

ငွေလွှဲခြင်းများ။
မြန်မာနိုင်ငံကို ငွေလွှဲခြင်းအတွက် ကောက်ခံတဲ့ပမာဏကို သိပါရစေ။

မည်သည့်အဖိုးအခမှ ပေးဆောင်စရာမလိုပါဘူး။ ယှဉ်ပြရရင် Western Union နဲ့ ဘဏ်မှတဆင့် ငွေလွှဲခြင်းတွေမှာတော့ စင်ကာပူဒေါ်လာ ၁၀ ကနေ ၅၀ အတွင်း ကျသင့်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် MySQUAR နဲ့ မိတ်ဖက်တွေက သတ်မှတ်ထားတဲ့ Exchange rate အတိုင်းပဲ ငွေလွှဲနိုင်အောင် ပြုလုပ်ပေးထားလို့ပါ။

ဘယ်လိုငွေကြေးနှုန်းထားတွေကို သိနိုင်မလဲ။

အချိန်နဲ့တစ်ပြေးညီ ငွေကြေးနှုန်းထားတွေကို တင်ပြထားပေးမှာပါ။ ဒါကြောင့် ကနဦးငွေလွှဲစဉ်မှာပဲ ငွေကြေးနှုန်းထားတွေကို သိနိုင်ပါမယ်။ ဒါပေမဲ့ အဲဒီအချိန်အထိ ငွေကိုမပို့ဆောင်ပေးသေးပါဘူး။ Send Money > Mobile Money > Myanmar > OK$ Myanmar တို့သို့ အဆင့်ဆင့် သွားရောက်ပြီး ငွေလက်ခံရရှိမည့်သူရဲ့ အချက်အလက်တွေကိုဖြည့်ကာ Continue ကိုနှိပ်ပြီး ပေးပို့မယ့်ပမာဏကို ရိုက်ထည့်ပါ။ အဲဒီနောက် Continue ကို ဆက်နှိပ်လိုက်ရင် ငွေကြေးနှုန်းထားတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

တစ်ခုသတိပြုရမှာက ငွေလွှဲဖို့ မသေချာသေးရင်း Confirm ခလုတ်ကို မနှိပ်ပါနဲ့ဦးနော်။

ငွေလွှဲခြင်းမှာကော ကန့်သတ်ထားတဲ့ ပမာဏရှိသလား။

မြန်မာနိုင်ငံ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေထုတ်ယူမှုပမာဏတော့ ရှိပါတယ်။ တစ်ကြိမ်ငွေလွှဲခြင်းအတွက် မြန်မာငွေ ကျပ် ငါးသိန်းအထိ အသုံးပြုနိုင်ပြီး တစ်ရက်ကို ငွေဆယ်သိန်း အထိပြည့်အောင် ၃ခါ လွှဲနိုင်ပါတယ်။ တစ်ရက်အတွက် ငွေလွှဲနိုင်တဲ့ ပမာဏကတော့ မြန်မာငွေကျပ် ဆယ်သိန်းဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ငွေလွှဲခြင်းအတွက် ဖြတ်တောက်ချိန်ကော ရှိပါသလား။

မရှိပါဘူး။ Uber Remit အက်ပလီကေးရှင်းကိုသုံးပြီး ၂၄နာရီလုံး ငွေလွှဲနိုင်ပါတယ်။

ငွေလွှဲမယ်ဆိုရင် လက်ခံမယ့်သူရဲ့ ဘယ်အချက်အလက်တွေ တောင်းယူထားဖို့လိုအပ်မလဲ၊၊

Uber Remit အက်ပလီကေးရှင်းမှ Send Money ဆိုတဲ့နေရာကိုနှိပ်ပြီး ငွေလက်ခံမယ့်သူရဲ့ အမည်ကို၊ OK$ အကောင့်နံပါတ်တို့ ထည့်သွင်းဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ မိုဘိုင်းဖုန်း နံပါတ်ကိုရောပေါ့။ ဒါပေမဲ့ သူသုံးနေတဲ့ OK$အကောင့်နံပါတ် ဟုတ်မဟုတ် နဲ့ လက်ရှိအသုံးပြုနေတဲ့ မိုဘိုင်းဖုန်း နံပါတ် ဟုတ်မဟုတ်ကိုလည်း သေချာစစ်ဆေးဖို့ လိုပါမယ်နော်။ နောက်ဆုံးအဆင့်အနေနဲ့ကတော့ “Short Comment to Recipient” ဆိုတဲ့ boxလေးမှာ ဘယ်သူကပို့တယ်ဆိုတာ ရိုက်ထည့်ပြီး ငွေလွှဲနိုင်ပါတယ်။ ဥပမာ။ ညီမလေးအတွက်မုန့်ဖိုး

ငွေက မြန်မာနိုင်ငံကို လွှဲပြောင်း ရောက်ရှိပြီဖြစ်ကြောင်း ဘယ်လိုသိနိုင်မလဲ။

ဟုတ်ကဲ့။ သိနိုင်တဲ့ နည်းလမ်းလေးတွေရှိပါတယ်။ Send Money ဆိုတဲ့ အဆင့်မတိုင်မီ အဆင့်တွေလုပ်ဆောင်ကတည်းက အတည်ပြုကြောင်း ပေါ်လာပါမယ်။ ဒါကြောင့် Uber Remit အက်ပလီကေးရှင်းမှာရှိတဲ့ Cog Wheel ကတစ်ဆင့် သင့်ရဲ့အကောင့်ဆိုင်ရာ လုပ်ဆောင်ချက်တွေကို စစ်ဆေးနိုင်ပါတယ်။ အဲဒီနောက်မှာ Manage Wallets နဲ့ My SGD Wallets တွေမှာ ငွေလွှဲထားတာကို တွေ့မြင်နိုင်ပါလိမ့်မယ်။ အဲဒီနောက် အတည်ပြုချက် အီးမေးလ်ကို ရရှိပါလိမ့်မယ်။

မြန်မာနိုင်ငံကို ငွေလွှဲခြင်းအတွက် အချိန်ဘယ်လောက်ကြာမလဲ။

ငွေလွှဲခြင်းတွေကို အဆင်သင့်နီးပါးဖြစ်အောင် ပြုလုပ်ပေးထားပါတယ်။ သင့်ရဲ့အကောင့်မှာ ငွေတွေရောက်လာတာနဲ့ OK$ ကနေပြီး SMS အတည်ပြုချက် ပေးပို့ပါလိမ့်မယ်

ငွေတွေလက်ခံရရှိကြောင်းကို ငွေလက်ခံမယ့်သူကကော ဘယ်လိုသိနိုင်မလဲ။

ငွေလက်ခံမယ့်သူက လက်ခံရရှိတဲ့ငွေပမာဏ နှင့် ပေးပို့သူရဲ့အမည်၊ ပေးပို့သူမှငွေလွှဲစဉ်ဖော်ပြထားတဲ့ message စတဲ့ အသေးစိတ်အချက်အလက်များကို SMS သတိပေးချက်အနေနဲ့ OK$ထံမှ လက်ခံရရှိပါလိမ့်မယ်။ SMS သတိပေးချက် ရောက်လာတာနဲ့ ငွေလက်ခံတဲ့သူတွေရဲ့ OK$ Wallet ထဲမှာ ပေးပို့လိုက်တဲ့ကျပ်ငွေတွေ ချက်ချင်း ပေါင်းထည့်ပေးထားပါလိမ့်မယ်။

မြန်မာနိုင်ငံကနေရာ စင်္ကာပူနိုင်ငံကို ငွေလွှဲလို့ရနိုင်ပါသလား။

မရနိုင်သေးပါ။ အခုကတော့ မြန်မာနိုင်ငံကိုငွေလွှဲတာတစ်မျိုးပဲရနိုင်ပါသေးတယ်။

ငွေထုတ်ခြင်းများ
ငွေတွေကို အချိန်ဘယ်လောက်ကြာတဲ့အခါမှာ ရရှိနိုင်ပါသလဲ။

ငွေပေးပို့သူမှ ငွေလွှဲခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ ပြီးမြောက်တဲ့နောက်ပိုင်းမှာ ချက်ချင်းငွေရထုတ်ယူရရှိနိုင်ရန် လုပ်ဆောင်ထားတာကြောင့် ဘဏ်ကိုအသုံးပြုတဲ့ ငွေလွှဲခြင်းတွေထက် ပိုမိုလျင်မြန်ပြီး ငွေချက်ချင်းရရှိနိုင်ပါလိမ့်မယ်။

ကိုယ့်ရဲ့ OK$ အကောင့်မှာ ငွေလက်ခံရရှိပြီးရင် ဘယ်သူက ကိုယ့်ကို ငွေလွှဲလိုက်သလဲဆိုတာ ဘယ်လိုသိနိုင်မလဲ။

OK$ကနေ ပေးပို့သူရဲ့ နာမည်၊ ပေးပို့တဲ့ငွေပမာဏ၊ ပေးပို့သူမှ ငွေပို့ရာတွင် Uber Remit အက်ပလီကေးရှင်းမှ Short Comoment box တွင်ထည့်သွင်းထားသောအကြောင်းအရာ အစရှိတဲ့ အချက်အလက်တွေပါတဲ့ မက်ဆေ့ခ်ျကို လက်ခံရရှိမယ့်သူရဲ့ ဖုန်းနံပါတ်ကို SMSအနေနဲ့ပေးပို့ပေးပါတယ်။

ဘယ်နေရာတွေမှာ ငွေထုတ်ယူနိုင်ပါသလဲ။

  • ၁. OK$ Agent ဆီကိုသွားပါ။ ငွေလက်ခံမယ့်သူဟာ OK$ Service ရရှိနိုင်တဲ့ နေရာတွေကတစ်ဆင့် ငွေတွေကို ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ OK$ အက်ပလီကေးရှင်းကနေပြီး Nearby OK$ services ဒါမှမဟုတ် Add/Withdraw > OK$ Services > OK$ Agents ဆိုတဲ့နေရာတွေကို နှိပ်လိုက်တာနဲ့ အနီးစပ်ဆုံး OK$ ကိုယ်စားလှယ်နေရာကို ဖော်ပြပေးပါလိမ့်မယ်။
  • ၂. ဒါ့အပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ AYACBUABKBZMAB နဲ့ Yoma bank ဘဏ် အပါအ၀င် ပြည်တွင်းဘဏ်ပေါင်း ၃၃ ခုတွေမှာလည်း ထုတ်ယူနိုင်ပါတယ်။ ဘဏ်တွေမှာငွေထုတ်ယူမယ်ဆိုရင်တော့ အနည်းဆုံးတစ်ရက်လောက်တော့အချိန်ပေးရပါမယ်။
  • ၃. ဘဏ်ကနေငွေထုတ်ယူမယ်ဆိုရင်တော့ OK$ အက်ပလီကေးရှင်းကနေပြီး Add/Withdraw > Send Money > Send Money To Bank ကို အစဉ်လိုက်သွားပြီး ထုတ်ယူမယ့်ဘဏ်ကိုရွေးပြီးလို့ ငွေလွှဲခြင်းလုပ်ငန်းတစ်ခုလုံး ပြီးဆုံးသွားတာနဲ့ ဘဏ်မှာသွားပြီး ငွေထုတ်ယူနိုင်ပါပြီ။
  • ၄. ငွေထုတ်ယူရာတွင် ပါဝင်သည့် မြန်မာ့ဆက်သွယ်ရေးရုံးနေရာများကို ဒီနေရာမှာ click နှိပ်ပြီး ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
  • ၅. နောက်ထပ်ဝန်ဆောင်မှုများအနေနဲ့ ငွေလက်ခံသူက သူ့ရဲ့ OK$ အကောင့်ကတစ်ဆင့် ဈေးဝယ်ခြင်းတွေ လုပ်ဆောင်နိုင်ပြီး အက်ပလီကေးရှင်းကနေပြီးလည်း တခြားသော OK$ အကောင့် တွေဆီကို Pay/Send ဆိုတဲ့နေရာကနေတဆင့် ငွေလွှဲတာမျိုး လုပ်နိုင်ပါသေးတယ်။

ဒါဆို OK$ အကောင့် မရှိတဲ့လူတွေကိုကော ငွေလွှဲလို့မရဘူးလား။

မရပါဘူး။ ဒီငွေလွှဲဝန်ဆောင်မှုမှာတော့ ငွေလက်ခံမယ့်သူမှာ OK$ အကောင့်ကို စာရင်းသွင်းပြီး ဖြစ်နေရပါမယ်။

ငွေလက်ခံမယ့်သူက ငွေထုတ်ဖို့အတွက် ဘာတွေလိုအပ်မလဲ။

ဘယ်လိုနည်းနဲ့ ငွေထုတ်ယူမလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ် (အပေါ်မှာဖော်ပြထားတဲ့ ဘယ်နေရာတွေမှာငွေထုတ်ယူ နိုင်သလဲဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။) ငွေလက်ခံမယ့်သူက ၄င်းရဲ့ OK$ အကောင့် ID နှင့်အတူ OK$ အက်ပလီကေးရှင်းမှ ၀င်ရောက်အသုံးပြုခွင့်ပေးထားတဲ့ ဖုန်းနံပါတ်ကိုပါပြသနိုင်ရပါမယ်။ အဲဒီနောက်မှာတော့ သက်ဆိုင်ရာ OK$ Agent ဒါမှမဟုတ် ဘဏ်များမှ ငွေထုတ်ရန်အတွက် မည်သည့်အဆင့်များ ထပ်မံလုပ်ဆောင်ရမည်ကို လမ်းညွှန်ပြသ ပေးပါလိမ့်မည်။

OK$ အကောင့် ဘယ်လိုဖွင့်လို့ရမလဲ။

Google Play သို့မဟုတ် Apple Store ကနေတစ်ဆင့် ဒေါင်းလုတ်လုပ်ပြီး လိုအပ်တဲ့အချက်တွေကို ဖြည့်သွင်းကာ ဖွင့်လို့ရပါတယ်။ အကောင့်ဖွင့်ဖို့အတွက် အသုံးပြုရမယ့် မြန်မာတယ်လီဖုန်းကုမ္ပဏီတွေရဲ့ သေချာတဲ့ အတည်ပြုချက်မပါဘဲ OK$မရှိတဲ့ မြန်မာနိုင်ငံအပြင်ဘက်ကနေပြီးတော့ အကောင့်ကိုဖွင့်လို့မရပါဘူး။ OK$နဲ့ ပတ်သက်ပြီး တစ်ခုခုသိချင်တာရှိရင်တော့ +951-2306666 ကို ခေါ်ဆို မေးမြန်းနိုင်ပါတယ်။

ငွေထုတ်ယူခြင်းအတွက် ပေးဆောင်ရမယ့် ပမာဏက ဘယ်လောက်လဲ။

အခမဲ့ပါ။ မည်သည့် အဖိုးအခမှ ပေးဆောင်ရခြင်း မရှိပါဘူး။

အကောင့်မှားပြီးတော့ ပို့မိတာမျိုးဖြစ်ရင် ဘယ်လိုပြန်လုပ်လို့ ရမလဲ။

ဒီပြဿနာနဲ့ပတ်သက်ပြီး ဖြေရှင်းချက်မရှိသေးပါဘူး။ ဒါဟာ အသုံးပြုသူရဲ့ အမှား ဖြစ်နေလို့ပါ။ တစ်ခုတော့ လုပ်ဆောင်ပေးနိုင်ပါတယ်။ အဲဒါကတော့ မှားပို့လိုက်မိတဲ့ OK$အကောင့်ပိုင်ရှင်ကို ဆက်သွယ်ပြီး ငွေတွေပြန်ပို့ပေးဖို့ တောင်းဆိုပေးတာမျိုးပါ။ သို့ပေမယ့်လည်း အဲဒီငွေတွေက ထုတ်ယူပြီးသားဖြစ်သွားပြီ၊ နောက်ပြီး ငွေထုတ်လိုက်မိတဲ့သူကိုလည်း ဆက်သွယ်လို့မရဘူးဆိုရင်တော့ ဘာမှလုပ်လို့မရတော့ပါဘူး။ ဒါ့အပြင် စုံစမ်းမေးမြန်းမှု ပြုလုပ်တာတွေအတွက် စင်ကာပူဒေါ်လာ ၃၅ ကိုတော့ ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှု မရှိဘူးဆိုတာကို ကျွန်တော်တို့လည်း သိပါတယ်။ ဒါပေမဲ့ မြန်မာမှာတော့ ဒါဟာ ဆောင်ရွက်ဆဲကိစ္စတွေဖြစ်နေတာကြောင့် နားလည်ပေးစေချင်ပါတယ်။ ဒါကြောင့် ကိုယ်ပို့ချင်တဲ့ အကောင့်မမှားအောင် သေချာ ဂရုပြုပေးဖို့ လိုပါလိမ့်မယ်။ အလွယ်ကူဆုံးနည်းလမ်းကတော့ ကိုယ်ပို့ချင်တဲ့သူရဲ့ အိုကေဒေါ်လာအကောင့်နံပါတ်ကို ကော်ပီကူးပြီး Uber Remit အကောင့်ထဲကို ပြန်ထည့်တာပဲဖြစ်ပါတယ်။

Register လုပ်ထားတဲ့ Debit Card ကို ဘယ်လိုပြန်ပယ်ဖျတ်မလဲ။

Register လုပ်ထားတဲ့ Card ကိုပယ်ဖျက်ဖို့အတွက် Add Money > By Debit Card ကိုသွားပါ။ သင့်ရဲ့ Debit Card နံပါတ်ရဲ့ ညာဘက်ဘေးက မျှားကို နှိပ်ပါ။ Remove Card ကိုနှိပ်ပါ။ တစ်ခုသတိထားရမှာက Uber Remit အက်ပလီကေးရှင်းရဲ့ လုံခြုံရေးကာကွယ်မှုစနစ်အရ တစ်ခါ remove လုပ်ပြီးသားကဒ်ကို နောက်တစ်ခါ ပြန်လည်သုံးစွဲခွင့်မရှိတော့ပါဘူး။

လုံခြုံမှု
ဘယ်လိုဆောင်ရွက်ထားသလဲ။

အလွန့်ကိုပဲ လုံခြုံပါတယ်ခင်ဗျာ။ ဒါဟာ စင်ကာပူနိုင်ငံမှာ နေထိုင်ကြသူတွေကနေ မြန်မာနိုင်ငံမှာရှိတဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်း အပေါင်းအသင်းတွေဆီကို ငွေလွှဲရာမှာ အမြန်တကာ့အမြန်ဆုံးသော နည်းလမ်းဖြစ်သလို MySQUAR ကနေပြီးတော့လည်း မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ သူတွေအတွက် ငွေလွှဲရာမှာအဆင်ပြေစေရန်အတွက် ရည်ရွယ် ထားတဲ့နည်းလမ်းတစ်ခုပါ။ ဒီအွန်လိုင်းငွေလွှဲခြင်းတွေကို ၂၀၁၄ ခုနှစ်ကတည်းက မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ တရားဝင်လိုင်စင်ရယူပြီး ပြုလုပ်ခဲ့တာဖြစ်တာကြောင့် ကျွန်တော်တို့မှာ ငွေလွှဲခြင်းဆိုင်ရာအတွေ့အကြုံတွေ အများကြီးရှိပါတယ်။

ငွေလွှဲပြီးနောက်မှာ ငွေလက်ခံမယ့်သူက သူ့ရဲ့မိုဘိုင်းဖုန်း ရုတ်တရက် ပျောက်ဆုံးသွားခဲ့မယ်ဆိုရင်ကော ဘယ်လိုဆောင်ရွက်နိုင်မလဲ။

အဲဒီလိုပြဿနာတွေ ပေါ်ပေါက်လာခဲ့ရင်တော့ OK$ ရဲ့ ဖုန်းနံပါတ် +951-2306666 ကို ခေါ်ဆိုပြီး အသိပေးတာမျိုး ဒါမှမဟုတ် OK$ ဝက်ဘ်ဆိုက် ကတစ်ဆင့် အကောင့်ကို ပိတ်လိုက်တာမျိုးဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ်။ OK$ ကနေ ငွေထုတ်ဖို့အတွက် ငွေလက်ခံရရှိသူဟာ အတည်ပြုချက် SMS ကို ပြသရမှာဖြစ်လို့ မိုဘိုင်းဖုန်းမှာရှိတဲ့ OK$ အကောင့်ကနေတစ်ဆင့် ကိုယ်စားလှယ်ဆီကို အတည်ပြုကြောင်း ပြသနိုင်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့အကြောင်း
ဘာကြောင့် MySQUAR ရဲ့ ငွေလွှဲဝန်ဆောင်မှုကို အသုံးပြုသင့်ပါသလဲ။

MySQUAR က မြန်မာအခြေစိုက် နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်လာတာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ လန်ဒန်ကထုတ်ပြန်တဲ့ London Stock Exchange မှာလည်း စာရင်းဝင်ထားပြီး ဖြစ်ပါတယ်။ (AIM:MYSQ)

MySQUAR ရဲ့ ငွေလွှဲဝန်ဆောင်မှု အားသာချက်များ
  1. ငွေလွှဲခြင်းအတွက် ဝန်ဆောင်ခ ပေးချေရန်မလိုခြင်း
  2. စင်ကာပူနိုင်ငံမှလည်း မြန်မာနိုင်ငံသို့ အက်ပလီကေးရှင်းမှတစ်ဆင့် 24/7 ငွေလွှဲခြင်းများ ဆောင်ရွက်နိုင်ခြင်း
  3. လိုင်စင်ရရှိပြီးဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာ လုံခြုံမှုအပြည့်ဖြင့် ဆောင်ရွက်ပေးနေခြင်း

MySQUAR ဆိုတာဘာလဲ ?

MySQUAR ဆိုတာကတော့ မြန်မာဘာသာသုံး လူမှုမီဒီယာတစ်ခုဖြစ်ပါတယ်။ ဖျော်ဖြေရေးနဲ့ ငွေပေးချေခြင်း လုပ်ငန်းတွေမှာ ဆောင်ရွက်လျက်ရှိပြီး အင်တာနက်အသုံးပြု မိုဘိုင်းအက်ပလီကေးရှင်းတွေနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဒီဇိုင်းတွေချမှတ်ပေးခြင်းမျိး ဆောင်ရွက်ပေးပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလရဲ့ နောက်ဆုံးကောက်ယူချက်အရ MySQUAR ကို အသုံးပြုသူပေါင်း ၂၂ သန်းကျော် မြန်မာမှာ ရှိနေပါပြီ။ ကျွန်တော်တို့အကြောင်း ပြည့်ပြည့်စုံစုံ သိချင်ရင်တော့ https://mysquar.com/ မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

Uber Remit အကြောင်း

Uber Remit ဆိုတာကတော့ နိုင်ငံတွေကို ဖြတ်ကျော်ပြီး မိုဘိုင်းကတစ်ဆင့် ငွေလွှဲဝန်ဆောင်မှုတွေကို ဆောင်ရွက်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Uber Remit အနေနဲ့ Money World Asia Pte Ltd ၏ မိတ်ဖက်အဖွဲ့အစည်းအဖြစ် MAS လိုင်စင်ရရှိထားပြီး စင်ကာပူနဲ့ မြန်မာနိုင်ငံအကြား ငွေလွှဲခြင်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကို စင်ကာပူတွင် တရားဝင် ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့အကြောင်း ပြည့်ပြည့်စုံစုံ သိချင်ရင်တော့ http://uberremit.com/ မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

OK$ ဆိုတာဘာလဲ

OK$ ဆိုတာ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ် သို့မဟုတ် ငွေပေးချေစနစ်ပါ။ အလုံခြုံဆုံး၊ စိတ်အချရဆုံးနဲ့ အမြန်ဆုံးသော အွန်လိုင်း ငွေပေးချေစနစ်ကို ဆောင်ရွက်ပေးနေပါတယ်။ မြန်မာနိုင်ငံမှာလည်း OK$ ကိုယ်စားလှယ်ပေါင်း ၈,၀၀၀ ကျော်ရှိပြီး အလွယ်ကူဆုံး ငွေပေးချေမှု နည်းလမ်းတွေကို ပေးအပ်လျက်ရှိပါတယ်။ ကျွန်တော်တို့အကြောင်း ပြည့်ပြည့်စုံစုံ သိချင်ရင်တော့ http://www.okdollar.com/ မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

ဆက်သွယ်ရန်
ကိစ္စတစ်စုံတစ်ရာ ရှိလာခဲ့ရင် ဘယ်လို အကူအညီရနိုင်မလဲ။

[email protected] ကနေပြီး Uber Remit ကို ဆက်သွယ်ကာ အထွေထွေ စုံစမ်းမေးမြန်းမှုကို ပြုလုပ်နိုင်ပါတယ်။

Registration
How long does the registration process take?

It should take about 1-2 business days in total after both the ID and address documents are submitted for verification.

I don’t have an email address. Can I still register?

Unfortunately, no. Your registration is verified by email and an email confirmation of all transactions will be sent to your registered email address.

For users that may not use email, SMS verification and SMS account activity notifications will be added soon.

How do I open an Uber Remit account to transfer money to Myanmar?

Download the Uber Remit app from Google Play or the Apple Store and complete the registration process, verify your email address and then sign back into the app using your PIN. Please click here for an instructional video on how to open an account.

Don’t have email? SMS verification is coming soon!

Deposits
How can I deposit money into my wallet?

There are two options for funding your wallet by going to Add Money

1. By Debit Card.

Register your Visa or Mastercard debit card to make a transfer to your Uber Remit wallet instantly. When you register, a test debit will done for an amount between S$1-3.

Take note of the exact amount of the test transfer, then go back to Add Money, Debit Card and you will see the debit card you registered listed. Hold down firmly on the arrow to the right of your debit card number and a menu will appear. Go to Verify Card and enter the amount of the test debit and click on Verify. The test amount charged will be added to your wallet balance after the card has been verified.

2. By Bank Transfer.

Country SGP
Bank Name DBS Bank
Bank City Singapore
Account Name Money World Asia Pte Ltd
Account Number 0039558554
Your reference number This can be found in your Uber Remit app by going to Add Money and then By Bank Transfer. Your reference number will be in red.

More deposit options are coming soon!

Is there a cutoff time to deposit money?

Online bank transfers are limited to the available hours of your bank as sometimes there can be maintenance done late at night. Bank deposits are limited to DBS branch hours. Please check here for branch hours and to locate branches with extended hours.

Deposits must be made by 16:00 Singapore time to be credited same day to your Uber Remit wallet.

Is there a limit to the amount that can be deposited?

There is no limit to the amount of money that can be deposited into the Uber Remit wallet.

Will I receive confirmation of my deposit?

You will need to sign into the Uber Remit app to check when your balance is available in your wallet. Deposits will take about 1-2 hours after an online bank transfer or branch deposit to be added to your Uber Remit wallet.

SMS notifications are coming soon!

Transfers
What are the transfer fees to send money to Myanmar?

There is no fee to transfer money unlike Western Union and banks where transfer fees can range from SGD 10-50. MySQUAR and its partners makes money from the currency exchange.

What exchange rate will I receive?

We offer the best exchange rate which is updated hourly. You can see the current exchange rate by initiating a transfer, but not actually sending it. Go to Send Money, Mobile Money, Myanmar, OK Dollar Myanmar, enter in the recipient details then click Continue, enter in the amount to send then click Continue, and on the next screen you can see the exchange rate.

Do not click on Confirm Transfer unless you are ready to transfer money.

Is there a limit to the amount that can be transferred?

There are withdrawal limits set by the Central Bank of Myanmar which are MMK 500,000 for a single transaction and MMK 1,000,000 for three (3) transactions within a day. Therefore, the transfer limit per day is MMK 1,000,000.

Is there a cutoff time to transfer money to Myanmar?

There is no cutoff time. Once money is credited to your Uber Remit wallet the money can be transferred to Myanmar 24/7 using the Uber Remit app.

What information about the recipient do I need to provide to transfer money?

Go to Send Money and all you need is the recipient’s name and OK$ account number which is typically also their mobile phone number. Be sure to check with the recipient as their OK$ account number may not be their current mobile number.

Will I receive confirmation when the money is transferred to Myanmar?

Yes, there are a few ways you can check.

  1. You will receive a pop-up confirmation once you complete the steps under Send Money.
  2. You can check your Account Activity by going to the cog wheel in the Uber Remit app, then Manage Wallets, My SGD Wallet and see the transfer here.
  3. You will receive an email confirmation.

How long will a transfer to Myanmar take?

Transfers will be almost instant. The recipient will receive an SMS notification from OK$ when the money is available in their account.

How will the recipient know when the money has been received?

The recipient will receive an SMS notification from OK$ with the amount of money received in MMK, the first and last name of the sender and anything written in the Short Comment to Recipient section. When the SMS notification is received, the money is immediately available in their OK$ wallet.

Can I send money from Myanmar to Singapore?

No. At this time, only inbound transfers to Myanmar are possible.

Withdrawals
How soon will the money be available?

The money will be available almost instantly after the sender processes the transfer unlike banks which will can only process transfers during normal business hours.

I received money in my OK$ account. How do I know who sent me the money?

The recipient will receive an SMS notification from OK$ with the amount of money received in MMK, the first and last name of the sender and anything written in the Short Comment to Recipient section.

Where can the money be withdrawn?

  • 1. Go to any OK$ agent. The nearest OK$ agent can be found under Nearby OK$ Services or under Add/Withdraw, OK$ Services, OK$ Agents which uses a GPS locator;
  • 2. Make withdrawals from 33 local banks nationwide including KBZ, AYA, CB, MAB, UAB and Yoma bank branches. The processing time takes at least one business day for this option. For a complete list go to Add/Withdraw, Send Money, Send Money to Bank within the OK$ app;
  • 3. Make withdrawals at participating Myanmar post office locations that can be found here ;
  • 4. Make purchases at merchants that accept the OK$ wallet as a payment option;
  • 5. Transfer money to other OK$ wallet users within the app by going to Pay/Send.

Can I send money to someone who doesn’t have an OK$ wallet?

No. For this remittance service, the recipient must already have registered an OK$ wallet.

What does the recipient need to withdraw the money?

Depending on which option is chosen to withdraw money (see the above FAQ: Where can the money be withdrawn?) the recipient needs their ID and mobile phone with access to the OK$ app and will be directed on what to do.

How do I open an OK$ wallet?

Download the OK$ app from Google Play or the Apple Store and complete the registration process. An account cannot be opened outside of Myanmar as OK$ conducts verifications with Myanmar telephone companies as part of the account opening procedure. For assistance within Myanmar with your OK$ wallet, please call +951-2306666.

Is there a fee to withdraw money?

There is no fee to withdraw money at this time.

I made a mistake and sent the money to the wrong OK$ account number! What can I do?

In the case of user error, there are no guarantees this can be resolved. We will make our best effort to contact the sender and reclaim the money, however if the money has already been withdrawn and the wrong recipient does not respond there is not much that can be done at this time. A fee of SGD 35 will be charged for any research required for a transfer to the wrong account number.

We know this is frustrating, however there are limitations as Myanmar is a developing market. So it is very important to ensure that the sender has the correct OK$ account number of the recipient. It may be easier to copy and paste the OK$ account number into the User Remit app than entering the OK$ account number yourself.

How can I remove the debit card that I registered?

To remove the registered debit card, go to Add Money, By Debit Card, hold down firmly on the arrow to the right of your debit card number and go to Remove Card. Please note that any registered cards that are removed can not be added back again for fraud protection.

Security
How safe is this?

Very safe! This is the safest and fastest way to send money from Singapore to friends and family back in Myanmar. MySQUAR has been dedicated to enriching the lives of Myanmar people through a broad, accessible and authentic online experience since 2014 and established a mobile money platform using fully licensed channels and established partners.

What if the recipient’s mobile phone is lost or stolen after a transfer is sent? What can be done?

If the recipient has lost or had their mobile phone stolen they must call OK$ at +951-2306666 or complete the form on the OK$ website to have their account blocked. To withdraw money from an OK$ account, the recipient must show the SMS notification and also log into their OK$ account on their phone to verify with the OK$ agent.

About Us
Why should I use MySQUAR’s remittance service?

MySQUAR is a leading consumer technology company focused solely on Myanmar and has been doing business in Myanmar since 2014. It is a well-established company that has been listed on the London Stock Exchange since July 2015 (AIM:MYSQ).

MySQUAR’s remittance service offers:
  1. Low cost with no transfer fees
  2. Convenience with online bank deposits in Singapore and 24/7 money transfers to Myanmar using an app/li>
  3. Safety and security using fully licensed channels

Who is MySQUAR?

MySQUAR is a Myanmar-language social media, entertainment and payments platform whose principal activity is to design, develop and commercialise Myanmar-focused internet-based mobile applications. MySQUAR has established a large user base of over 22 million registered users as of December 2017. For more information, please visit https://mysquar.com/.

Who is Uber Remit?

Uber Remit is a cross-border remittance and mobile money transfer provider. Uber Remit is MAS licensed through a partnership with Money World Asia Pte Ltd, which has the regulatory compliance approval in Singapore, to transfer money between Singapore and Myanmar. For more information, please visit http://uberremit.com/.

Who is OK$?

OK$ is a digital wallet and mobile payment system which is fast, secure and safe. It offers convenient ways to pay and receive money with over 8,000 OK$ agents in Myanmar. For more information, please visit http://www.okdollar.com/.

Contact
I have a problem. How can I get help?

If you need general assistance, please contact Uber Remit at [email protected]